WEBSITE ကောင်းတစ်ခုဖြစ်ဖို့အတွက် ဘယ်အချက်တွေ လိုအပ်ပါသလဲ?

Website ကောင်းတစ်ခုဖြစ်ဖို့အတွက် ဘယ်အချက်တွေ လိုအပ်သလဲဆိုတာ သိကြပါသလား? Well-Designed Websites တွေက Business Owners တွေ Entrepreneurs တွေအတွက် brilliant ဖြစ်တဲ့ marketing platform တစ်ခုဖြစ်ပြီးတော့ talented customer တွေနဲ့တွေ့ဆုံနိုင်အောင်လို့ ချိတ်ဆက်ပေးနိုင်ပါတယ်။
အဲ့တာကြောင့် Websites တွေမှာရှိသင့်သည့်အရေးကြီးတဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

1. User-Friendly Website Navigation
Website ကောင်းတစ်ခုအတွက် အရေးကြီးဆုံးအချက်မှာ အသုံးပြုရလွယ်ကူစေမယ့် Navigation Guide တစ်ခုရှိရပါမယ် ။ Customers တွေ ဝယ်ယူရ လွယ်ကူချောမွေ့ စေပါတယ်။ ဒါ့အပြင် သင့် Websiteရဲ့ အပြင်အဆင်က ရိုးရိုးရှင်းရှင်းလေးနှင့် well-organized ဖြစ်ဖို့လိုအပ်ပါတယ်။ Search Bar၊ Guide Button တွေကို website page တစ်ခုစီရဲ့ ထိပ်မှာထားသင့်ပါတယ်။

2. Web Design & Layout
Website တွေအတွက် Eye-cached Design & Layout ဖြစ်ဖို့ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ Customer တစ်ယောက်က သင့်ရဲ့ website page ကိုကြည့်ပြီးတာနဲ့ ဆက်ကြည့်မကြည့်ဆုံးဖြတ်ဖို့အတွက် မီလီစက္ကန့် ၅၀ သာကြာမြင့်ပါတယ်။ သင့် website design နဲ့ သင့်ရဲ့ branding strategy တွေကလည်းကိုက်ညီဖို့လိုအပ်ပါသေးတယ်။ အဲ့ဒါမှသာ Customers တွေက သင့်ရဲ့ Brand valuesတွေကိုမြင်လာကြမှာဖြစ်ပါတယ်။ ဒီဇိုင်းနှင့် ပတ်သက်ပြီး စဉ်းစားဖို့လိုအပ်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်မှာ Website Usability ပဲဖြစ်ပါတယ်။ Website designing ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး ကန့်သတ်ချက်တွေမရှိတာကြောင့် သင်ကြိုက်သလောက်စမ်းသပ်ပြီးဆန်းသစ်နိုင်ပါတယ်။ သင့် customer တွေရဲ့ အကြိုက်ကို လေ့လာပြီး တော့ Animations တွေ Hidden Menus၊ Typography တွေကို အသုံးပြုပြီးတော့ user experience ကောင်းကောင်းလေးတွေ ဖန်တီးနိုင်ပါတယ်။

3. Content Writing
Website ပေါ်မှာရှိတဲ့ အကြောင်းအရာတွေက သင့် Company ရဲ့ services တွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေပဲဖြစ်ပါတယ်။Good quality content တွေဖြစ်ဖို့အတွက် keywords တွေကို သေချာရွေးချယ်ဖို့လည်းလိုအပ်သလို content တွေကိုလည်း update မှန်မှန်လုပ်ပေးရပါမယ်။ အဲ့လိုတွေလုပ်ခြင်းအားဖြင့် website ရဲ့ SEO လည်းတက်စေနိုင်ပါတယ်။

4. Call to Action
သင်ရဲ့ Website မှာလိုအပ်တဲ့ Call to Action တွေပါ၀င်သင့်ပါတယ်။ CTA function တွေကနေတဆင့် customer တွေက online purchasing တွေ၊ discount ၊information တွေ (သို့) promotional emailing စတဲ့ campaign လှုပ်ရှားမှုတွေအတွက် အသုံးဝင်ပါတယ်။

5. FAQs Section
Customer တွေက products and services တွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းများစွာမေးလေ့ရှိကြပါတယ်။ ဒီလို Basic queries တွေကိုဖြေရှင်းပေးတဲ့ (FAQs) တွေဟာ customer တွေအတွက် အကောင်းဆုံး solution guide တစ်ခုဖြစ်ပြီးတော့ company ကနေ ဘယ်လို offers တွေပေးနိုင်လဲဆိုတာကို သိစေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။

6. Contact Information
သင့်ရဲ့ website page ပေါ်က အသေးစိတ်အချက်အလက်တွေကို website ပေါ်မှာ ထင်ထင်ရှားရှား ပြသထားဖို့ အရေးကြီးပါတယ်။ အဲ့ဒီလိုလုပ်ခြင်းဟာ company ရဲ့ credibility ကိုတိုးတက်စေနိုင်တဲ့ strategy တစ်ခုပဲဖြစ်ပါတယ်။
အခုပြောပြသွားတဲ့ facts တွေကိုကြည့်ပြီးတော့ ကိုယ့်ရဲ့ Business website page က website ကောင်းတစ်ခုမှာရှိသင့်တဲ့အချက်တွေ ပါဝင်နေပြီလားဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။