Outsource

သင်က Tech အကြောင်း သိတဲ့သူ ဒါမှမဟုတ် သင့်အနီးအနားမှာ  Tech Consultant တစ်ယောက် ရှိမယ်ဆိုရင် ကုမ္ပဏီတစ်ခုရဲ့ သုံးထားတဲ့ နည်းပညာကို အချိန်တိုတွင်းသိနိုင်မှာပါ။

ပထမဦးဆုံး လုပ်ရမှာက သူတို့ သုံးထားတဲ့ နည်းပညာကဘယ်လိုအလုပ်လုပ်လဲ? သင်လုပ်ချင်တဲ့ Project ကို သူတို့ ဘယ်လောက်ထိ Customize ရေးဆွဲပေးနိုင်လဲဆိုတာ တိုင်ပင်ကြည့်သင့်ပါတယ်။ Projects တစ်ခု နဲ့ တစ်ခု မတူတဲ့အတွက် သင်ကြိုက်တဲ့ Software Company တစ်ခုစီမှာ သင်လုပ်ချင်တဲ့ Project အတွက် အရင်က Experience မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 အဓိက ကြည့်ရမှာက သူတို့ ဘယ်လို နောက်ဆုံးပေါ် Languages တွေ Framework တွေ သုံးလဲ ကြည့်ရမှာပါ။ ဒါမှ သူတို့ IT Industry ကို ဘယ်လောက် မျက်ချေမပြတ် လုပ်နေတယ်ဆိုတာ သိမှာပါ။

ဒါ့အပြင် Project Management Tools တွေသုံးပြီး Software Team အနေနဲ့ Client’s Requirement တွေ Project အခြေအနေကို ပွင့်လင်း မြင်သာစွာ သိရှိနိုင်မှာပါ။ 

Slack software ဆိုရင် ရုံးတွင်း Messaging Tool ဖြစ်ပြီး Code Update တွေ Project ဘယ်လောက်ထိ ပြီးမြောက်လဲ ဆိုတာ Monitoring လုပ်လို့ရတဲ့ အပြင် Video Call, Audio Call တွေပါ လုပ်ဆောင်နိုင်ပါတယ်။

Jira Software ဆိုရင် Agile Methodology အခြေခံ ထားတဲ့အတွက် Project တစ်ခုစလယ် ဆုံး ကို Monitoring လုပ်နိုင်ပြီး Client နဲ့ Company ကြားမှာ ပွင့်လင်း မြင်သာပြီး မြန်မြန် အလုပ်တွင် စေတာကြောင့် လည်း အသုံးများကြပါတယ်။