ကိုယ်နဲ့ မရင်းနှီးသေးတဲ့ customer တစ်ယောက်က Company တစ်ခု၊ Business တစ်ခုကို အကြောင်းကို သိချင်တယ်ဆိုရင် အရင်ဆုံး ဝင် check မှာက အဲ့ company ရဲ့ Website ပါပဲ။ အဲ့လိုဝင်ကြည့်တဲ့အချိန်မှာ ကိုယ့် Website က  အရင်တုန်းက Design တွေ၊ အရင်တုန်းက Data အဟောင်းတွေ ဖြစ်နေမယ်ဆိုရင် Customer အနေနဲ့က Company အပေါ်ကို ယုံကြည်မှု လျော့နည်းသွားစေနိုင်ပါတယ်။

ဥပမာ- Travel & Tour Company တွေဆိုရင် Data တွေကို အမြဲ Update လုပ်နေဖို့လိုအပ်ပါတယ်။ ဘာ Information မှ Update လုပ်မထားဘူးဆိုရင် ခရီးသွားမယ့်  လူတွေအနေနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ခုခေတ်က Online ကပဲ ထိုင်ရာမထအကုန်စီစဉ်လို့ရတဲ့ အချိန်မှာ ကိုယ့် Company ကျမှ အပြင်ထိ လာမေးရမယ်ဆိုရင် Customer တွေ လျော့နည်းသွားနိုင်ပါတယ်။

နောက်တစ်ခုက Website မှာသုံးထားတဲ့ Plugin တွေ Security တွေကို အသစ်ထွက်တိုင်း Update လုပ်ပေးရပါမယ် ။ Update မလုပ်ပဲ ထားမယ်ဆိုရင် မသမာသူ တွေအနေနဲ့ ကိုယ့် Website ကို အလွယ်တကူ Hack ခံရနိုင်ပါတယ်။

Company အများစုထင်ကြတာက Website ဆိုတာ တစ်ခါရေးပြီးတာနဲ့ ပြီးပြီထင်ကြပါတယ်။ အဲလိုနဲ့ Update မလုပ်ဖြစ်တော့ နောက်တခြား Software Company  တွေက လူကြီးမင်းတို့ Company Website က ဟောင်းနေပါပြီ။ အသစ်လုပ်ချင်ပါသလားလို့ဆက်သွယ်လာနိုင်ပါတယ်။

အဲ့ကျမှ ထပ်လုပ်မယ်ဆိုရင် ပိုက်ဆံ ထပ်မကုန်ဘူးလား။

Data စုဖို့အတွက်လဲ အချိန်တွေ ထပ်ပေးရမယ်။ ကိုယ့်အတွက် အချိန်တွေလည်း ထပ်ကုန်စေတယ်။ ဒါကြောင့် ကိုယ့် Website ကို ပုံမှန် Update လုပ်မယ်ဆိုရင် ဒီလိုကိစ္စရပ်တွေ ဖြစ်မလာနိုင်ပါဘူး။

By Gwein #