U Bo Aye Cosmetics လုပ်ငန်းကို ဘာကြောင့် စလုပ်ဖြစ်တာလဲ။

အဖိုးအဖွား လက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလည်းဖြစ်ပြီးတော့ ကိုယ်တိုင်ကလည်း ဒီစီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားပြီး ဝါသနာပါတဲ့အတွက် နောက်ပိုင်းမှာ ဦးစီးပြီး လုပ်ဖြစ်ခဲ့တာပါ။

Nanolabs ကုမ္ပဏီနဲ့ လက်တွဲပြီး Mobile Application စလုပ်ဖြစ်တဲ့ အကြောင်းရင်း။

U Bo Aye Cosmestics က မန္တလေးမှာ လူသိများပြီးသား အလှကုန် လုပ်ငန်းဆိုပေမယ့် နောက်ပိုင်းမှာ နည်းပညာတိုးတက်လာတော့ အားလုံးက အွန်လိုင်းကနေပဲ စျေးဝယ်တာကအစ လုပ်လာကြတာ သတိထားမိပါတယ်။ 

အဲ့တာကြောင့် ဦးဘိုအေး အလှကုန်ဆိုင်က ပစ္စည်းတွေကိုလည်း ဖုန်းကနေ အလွယ်တကူ ဝယ်ယူနိုင်ဖို့အတွက် Mobile Application ကနေတဆင့် ဝယ်ယူနိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး လုပ်ဆောင်ဖြစ်ခဲ့တာပါ။​

U Bo Aye Cosmetics  Mobile App  က ဘယ်လို အကျိုးသက်ရောက်မှုတွေရှိပါသလဲ။

အရင်ကဆို Customer တွေက ဆိုင်အထိ တကူးတကလာပြီးတော့ လိုချင်တာတွေလိုက်ရှာကြည့်ပြီး ဝယ်ရပါတယ်။ 

အခုတော့ အဲ့လို လုပ်စရာမလိုတော့ပါဘူး။​ U Bo Aye Cosmetics Mobile App ရနေပါပြီ။

လက်ရှိ Customer တွေကလည်း ကျွန်တော်တို့ U Bo Aye Cosmetics App ကို စတင်ပြီးတော့ အသုံးပြုနေကြပါပြီ။ Customer အသစ်တွေကိုလည်း Mobile Application ကိုသုံးနိုင်အောင် စီစဉ်ပေးသွားမှာပါ။

U Bo Aye Cosmestics Mobile Application ကနေတဆင့် ကျွန်တော်တို့ ဆိုင်မှာ ရရှိနိုင်တဲ့ အလှကုန် ပစ္စည်းတွေကို တကူးတက ဆိုင်အထိ လာဝယ်စရာမလိုတော့ဘဲ ဖုန်းထဲကနေ Click တစ်ချက်နှိပ်လိုက်ရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက်အထိ ပို့ပေးတာဖြစ်လို့ Customer တွေအတွက် အရမ်းကို အဆင်ပြေသွားပါတယ်။ 

အခုလို COVID ကာလမှာလည်း  Customer တွေ မိမိတို့အိမ်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို စိတ်အေးချမ်းသာစွာနဲ့ အချိန်မကုန်  ဝယ်ယူနိုင်ပါတယ်။

ဘယ်မြို့နယ်တွေ စတင်အသုံးပြုလို့ရပြီလဲ။

လောလောဆယ်တော့ မန္တလေးပဲ အော်ဒါတွေ မှာယူလို့ရပါသေးတယ်။ အော်ဒါမှာယူပြီးတာနဲ့ နှစ်ရက်အတွင်း အိမ်အရောက်ပို့ပေးပါတယ်။

U Bo Aye Cosmetics Mobile App ကနေ Customer တွေအတွက် ဘယ်လိုအစီအစဥ်တွေ ရှိပါသလဲ။

Mobile App ထွက်လာပြီး Online ကနေတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်နေပြီ ဆိုတဲ့အခါကျ Customer တွေကလည်း အရမ်းသဘောကျပါတယ်။​ အချိန်မရွေး အော်ဒါတင်လို့ရတဲ့အပြင်ကို ကျွန်တော်တို့ကနေ အသစ်ထွက်တဲ့ Products တွေ၊​ Promotion Items တွေကို  App မှာ အစုံအလင် တင်ပေးထားတာဖြစ်တဲ့ အတွက်ကြောင့် Customer တွေအတွက် အရမ်းကိုအဆင်ပြေစေပါတယ်။